logo
  • Home
  • About
  • Services
    • Graphic Design
    • Digital Marketing
    • Website Development
  • Portfolio
    • Graphic Design
    • Digital Marketing
    • Website Development
    • Motion Graphic
  • Knowledge
  • Careers
  • Contact
  • Home
  • About
  • Services
    • Graphic Design
    • Digital Marketing
    • Website Development
    Portfolio
    • Graphic Design
    • Digital Marketing
    • Website Development
    • Motion Graphic
  • Knowledge
  • Careers
  • Contact

Customer များကို မစောင့်ဆိုင်းပါနဲ့၊ AIDA Model ကိုအသုံးချပြီးကိုယ်တိုင်ဖန်တီးလိုက်ပါ။


13.10.2025 8 Min
logo

လူတွေရဲ့ စိတ်အခြေခံသဘောတရားများကိုလေ့လာပြီး လူတွေကိုဝယ်သူတွေဖြစ်လာဖို့ ဆွဲဆောင်နိုင်မဲ့အဆင့်လေးဆင့်

AIDA Model ဆိုတာ လုပ်ငန်းရှင်တိုင်း ဈေးကွက်ချဲ့ထွင်ရေးနဲ့ ရောင်းအားမြှင့်တင်ရေးမှာ လွယ်လင့်တကူနဲ့ ချမှတ်ထားတဲ့ ပန်းတိုင်ကို ရောက်နိုင်ဖို့ ကူညီပေးတဲ့ Marketing Formula ပဲဖြစ်ပါတယ်။

AIDA က လူတွေရဲ့ စိတ်အခြေခံသဘောတရားများကိုလေ့လာပြီး လူတွေကိုဝယ်သူတွေဖြစ်လာဖို့ ဆွဲဆောင်နိုင်မဲ့အဆင့်လေးဆင့် ဖြစ်တဲ့အတွက် လုပ်ငန်းတခု အောင်မြင်ဖို့အရေးပါတဲ့ Marketing Funnel တခုပါ။

1.Awareness (or) Attention - လူတွေကို သတိပြုမိသွားအောင် အရင်ဦးဆုံးလုပ်ဆောင်ရပါမယ်။ မိမိထုတ်ကုန်ကြော်ငြာများကို ထိထိရောက်ရောက်အသုံးချပြီး လူတွေရဲ့ အာရုံစိုက်မှုခံရဖို့ အရေးကြီးပါတယ်။ - Facebook, Tik Tok စတဲ့ Social Media Platform များမှာ ကြော်ငြာများတင်ခြင်း၊ - YouTube များမှာ Video များတင်ခြင်း စသဖြင့် နည်းလမ်းအမျိုးမျိုးနဲ့ Platform အမျိုးမျိုးပေါ်ကတဆင့် လူတွေရဲ့ အာရုံစိုက်မှုကို ရယူလို့ရပါတယ်။

2.Interest - အာရုံစိုက်ခံရခြင်းမှာပဲ ရပ်တန့်နေလိုက်ရင် ဝယ်သူဖြစ်လာမှာမဟုတ်ပါဘူး။ စိတ်ဝင်စားခြင်းခံရအောင် ထုတ်ကုန်ရဲ့Information များကို လှပသေသပ်စွာနဲ့ လူတွေကို ချပြနိုင်ပြီး သူတို့ရဲ့ ပြဿနာများကို ဖြေရှင်းပေးနိုင်ကြောင်း ပြသရပါမယ်။ လူတွေကစိတ်ဝင်စားတာနဲ့ - သင့် Facebook Page ဒါမှမဟုတ် သင့် Social Media ကို Like & Follow လုပ်သွားခြင်း၊ - YouTube ကို Subscribe လုပ်သွားခြင်း၊ - ကြော်ငြာပိုစ့်ကို Save လုပ်သွားခြင်း စသဖြင့် သူတို့ရဲ့ Interest ကိုပြသကြပါလိမ့်မယ်။

3.Desire(or Decision) - စိတ်ဝင်စားရာမှ မိမိထုတ်ကုန်ကို လိုချင်လာအောင်၊ ဝယ်ယူဖို့ ဆုံးဖြတ်ချက်ချနိုင်ဖို့ဆိုရင် တခြားထုတ်ကုန်တွေထက် ဘာတွေပိုကောင်းသလဲ၊ ပိုထူးခြားသလဲ စသဖြင့် Product's Value ကို တိတိကျကျ ချပြနိုင်ရပါမယ်။ ဘာလို့လဲဆိုတော့ စိတ်ဝင်စားရုံနဲ့ သင့်ကိုရွေးချယ်ဦးမှာမဟုတ်ပါဘူး။ Review များ၊ တခြား Product များကို လိုက်ရှာပြီး နီးစပ်ရာလူတွေဆီက Recommendations တွေအရင်တောင်းကြဦးမှာဖြစ်တဲ့အတွက် သင့်ထုတ်ကုန်ကို ဝယ်ယူဖို့ သင့်ဆိုင်မှာဝယ်ယူဖို့ ဆုံးဖြတ်ချက်ခိုင်လုံလောက်အောင် ဆွဲဆောင်နိုင်ရပါမယ်။

4.Action - ဆုံးဖြတ်ချက်ချပြီးတာနဲ့ တကယ် ဝယ်ယူဖို့ တိုက်တွန်းရပါမယ်။ မိမိထုတ်ကုန်ကို မဝယ်ယူရင် နောင်တရသွားစေမဲ့ အတွေးမျိုး တွေးသွားစေဖို့ လုပ်ဆောင်ရပါတယ်။ ဒီအဆင့်ကို Call To Action လို့လည်းခေါ်ပြီးတော့ - Promotion ချခြင်း၊ - လက်ဆောင်များပေးခြင်းစတဲ့ နည်းလမ်းအမျိုးမျိုးကိုအသုံးပြုနိုင်ပါတယ်နော်။

ဥပမာလေးအနေနဲ့ သင်ကသာ Fashion ဆိုင်တဆိုဖွင့်ထားတယ်ဆိုရင် ဒီ AIDA ကိုဘယ်လိုအသုံးပြုမလဲ ပြောပြပေးသွားပါမယ်။

Awareness ရယူဖို့ "2023 Summer Fashion Trend များ" "---တထည်ရှိရုံနဲ့ နေ့စဉ်ဝတ်နိုင်မဲ့ Daily Wear Outfit များ" Interest ဖြစ်စေဖို့ "သင့်ရဲ့ Body Shape က ဘယ်လိုမျိုးလဲ ပိုင်းခြားပြီး ကိုယ်နဲ့လိုက်ဖက်မဲ့ အဝတ်အစားမျိုးကိုရွေးချယ်လိုက်ပါ" "ကိုယ့်ရဲ့ Color-Tone ကိုသိကြရဲ့လား" Desicion ချသွားစေဖို့ "အဝတ်အစားဆိုရင် ကျွန်တော်တို့ဆိုင်မှာ Size, Color, Design မရှိဘူးဆိုတာမဖြစ်စေရဘူးနော်" Action ပါလာပြီး ဝယ်ယူသွားစေဖို့ "----ဖိုးဝယ်ယူတာနဲ့ Deli Free မလို့ အခုပဲဝယ်ယူလိုက်ပါ" ဒီလို ကြော်ငြာစာများ၊ Post များကို သေချာခွဲခြားပြီး သူ့နေရာနဲ့သူ အသုံးပြုတတ်ဖို့လိုပါတယ်။ ဒါဆိုရင်တော့ အားလုံးနားလည်ကြလောက်ပြီမလို့ အောင်မြင်မှုတွေ တသီတတန်းရယူနိုင်ဖို့ အခုပဲ AIDA Model ကို လက်တွေ့အကောင်ထည်ဖော်ပြီး Marketing ချဲ့ထွင်လိုက်ပါနော်။


Related Knowledge

logo

“လုပ်ငန်းကစတာတော့ကြာပြီ၊ ပုံမှန်ပဲဆက်သွားမယ်” လို့တွေးနေမိရင် ဒီအတွေးတွေကို လုံး...

logo

Boost Post နှိပ်ပြီး Boost လိုက်တာနဲ့ ပြီးသွားပြီလို့ထင်နေတာလား

logo

သင်ရောင်းတဲ့ Product ဒါမှမဟုတ် သင့် Service က သင် Target ထားတဲ့ Customer နဲ့ ကို...


Let's Talk

Phone Number

+959777120131

Chat with Passion
  • Hello there I'm Osar From Passion. မင်္ဂလာပါ Passion မှ Osar ပါ။
  • Logo အပ်လျှင် အချိန်မည်မျှ စောင့်ရပါသလဲ?

    Designer များသည် အချိန်ယူပြီး အစအဆုံး သေသေချာချာ Create ဆွဲပေးရသည့်အတွက်ကြောင့် ၁ပတ်ခန့် စောင့်ရပါသည်။

  • Logo ကို မည်သည့် File တွေနဲ့ပေးပါသလဲ?

    Logo ကို ai, png, jepg, eps တို့နှင့် ပေးပါသည်။ လိုချင်သော file ရှိလျှင်လည်း ပြောင်းပေးပါသည်။

  • Logo ၏ Quality နှင့် အာမခံချက်များ ဘယ်လိုရှိပါသလဲ?

    Logo ကို ဖြတ်ညှပ်ကပ်ဆွဲခြင်း၊ Copy ဆွဲပေးခြင်း လုံးဝမဟုတ်သည့်အတွက် ရေရှည်သုံးရန်အဆင်ပြေပြီး မူပိုင်ခွင့် မှတ်ပုံတင်လို့ရအောင် အာမခံဆွဲပေးပါသည်။ Designer များက အစအဆုံး illustration ai နှင့် စနစ်တကျ Creation လုပ်ပေးခြင်းကြောင့် ဘယ်လောက် Size ချဲ့ချဲ့ ၊ချုံ့ချုံ့ ဝါးသွားခြင်း၊ Quality ကျသွားခြင်းမရှိပါ။

  • Post Design ဆိုတာဘာလဲ?

    မိမိ၏ Proudct ကိုကြေညာဖို့ Design များဖြစ်ပါသည်။ Product ပုံများကို Social Media တွင် ဒီတိုင်းရိုးရိုးတင်ခြင်းထက် မျက်စိပဒေသာဖြစ်စေမည့် Graphic Design များ ရေးဆွဲလိုက်ပြီး တင်သောအခါ Customer များရဲ့ စိတ်၀◌င်စားမှုကို ပိုမိုရစေပါသည်။

  • အခြား ဘယ်လို Graphic Design များ ဆွဲပေးပါသလဲ?

    • Flyer, Pamphlet ( လက်ကမ်းစာစောင်များ )

    • Menu, Vinyl ( မီနူး၊ ဗီနိုင်း ဒီဇိုင်းအမျိုးမျိုး )

    • Packaging , Label ( ပါကင်၊ တံဆိပ် ဒီဇိုင်းအမျိုးမျိုး )

    • Company Profile Book (ကုမ္ပဏီပရိုဖိုင်စာအုပ်များ )

    • Motion Video, Animation Video, Video Editing

    • လုပ်ငန်းအတွက်လိုအပ်သော ဒီဇိုင်းအမျိုးမျိုး ( ဘောင်ချာ၊ လိပ်စာကတ်၊ Letterhead နှင့် စတစ်ကာဒီဇိုင်းအမျိုးမျိုး )

  • Digital Marketing ဘယ်လိုမျိုး ဆောင်ရွက်‌ပေးပါသလဲ?

    Digital Marketing ကို Graphic Design(ကြော်ငြာ Design များရေးဆွဲပေးခြင်း), Content & Copy Writing (ကြော်ငြာစာများ ရေးသားပေးခြင်း), Media Buying ( Facebook Post (or)Page ကို Boost ပေးခြင်း) စသည့် အဆင့်သုံးဆင့်နှင့် ဆောင်ရွက်ပေးပါသည်။

  • Boosting Service ရောရှိပါသလား?အသေးစိတ်အချက်အလက်များကို သိချင်ပါသည်။

    Boost လုပ်လျှင် ဈေးက ဒေါ်လာစျေးပေါ်မူတည်ပြီး အပြောင်းအလဲရှိပါသည်။ 1 ရက်ကို 1$ အနည်းဆုံးစ၍ မိမိ Budget နှင့် ကြိုက်သလောက်ကြေညာလို့ရသည်။ 1$ လျှင် လူအယောက် 1000 ခန့် 10$ ဆို 10000 ခန့်မြင်နိုင်ပါသည်။

  • Page Like နှင့် Post ဘယ်ဟာကို Boost တာပိုကောင်းပါသလဲ?

    Page Like ကိုလုပ်ခြင်းထက် Post ကို Boost လုပ်ခြင်းက တခါတည်း မိမိ Product အကြောင်းကြေညာနိုင်ပြီး Post ကို Like လုပ်ထားသော သူတွေကို Page Like လုပ်ရန် Invite လုပ်နိုင်သည့်အတွက် ပိုကောင်းပါသည်။ Facebook က Page Like လုပ်ထားသောသူများရဲ့ 5% ၀န်းကျင်လောက်ကိုသာ ပြသည့်အတွက် Post များကို Boost လုပ်ပြီးမကြေညာလျှင် Page Like 1000 ရှိသော်လည်း လူအယောက် 50 ခန့်လောက်သာ ပြပေးသည့်အတွက် Page Like ရှိခြင်းက အများကြီးအရေးမပါပါ။ သို့သော် Page Like အရမ်းနည်းလျှင် လူတွေက အစစ်လား အတုလား မယုံကြည်မှာစိုး၍ အနည်းဆုံး Like 1000 လောက်ရှိသင့်ပါသည်။

  • Boost ပြီးလျှင် Result များကို မည်သို့ ကြည့်နိုင်မလဲ?

    PResult များပါ၀◌င်သော Ads Report များပြသပေးသည့်အတွက် Post ရဲ့ Engagement, Reach စသည်တို့ကိုကြည့်ပြီး နောက်လုပ်မည့် Post လေးတွေမှာ ဘယ်လို Post လေးတွေက ပိုထိရောက်မလဲ ယှဉ်လို့ရအောင် ပြသပေးပါသည်။

  • Boosting အတွက် Promotion များရှိပါသလား?

    6 လအတွင်း $100 ပြည့်လျှင် $5, $200 ပြည့်လျှင် $10 Free လုပ်ပေးသည့် Ads Program ရှိပါသည်။

  • Payment Method ဘယ်လိုရှိပါသလဲ?

    အလုပ်အပ်လျှင် စရန်တဝက်ပေးချေရပါသည်။ အားလုံး Confirm ဖြစ်ပါက လက်ကျန်ငွေအကြေချေပြီးလျှင် Original File များပို့ပေးပါသည်။

  • အလုပ်အပ်လျှင် ရုံးလာဖို့လိုအပ်ပါသလား?

    တနိုင်ငံလုံးအတိုင်းအတာအပြင် US, Japan, Australia, Korea, Singapore, Thailand တို့မှ Client များကိုပါ Online Meeting များဖြင့် Online မှာ အပြီးအစီးလုပ်ဆောင်ပေးနေသည့် အတွေ့အကြုံရှိသည့်အတွက် Online မှအပ်လျှင်လည်း အဆင်ပြေအောင်ဆောင်ရွက်ပေးပါသည်။ Project ကြီးအပ်ချင်သူများနှင့် လုပ်ငန်းသဘောတူစာချုပ်ချုပ်ဆိုလိုသူမျာအတွက် Face to Face Appointment ဖြင့် တွေ့ဆုံဆွေးနွေးနိုင်ပါသည်။

  • Loyal Customer များအတွက် Promotion အစီအစဉ်များရှိပါသလား?

    Loyal Customer များအတွက် Design 10 ခုပြည့်လျှင် 1 ခု Present ပေးသည့် Loyalty Card များပေးထားပါသည်။

  • ရရှိနိုင်သော ၀ဘ်ဆိုက်အမျိုးအစားများ

    Custom Website, Ecommerce Website, Blogs, Static Website, Dynamic Website, Portfolio, Landing Page, etc...

logo

CONTACT

Address  : No (84), Yadanar Street, Kamayut Township, Yangon

Phone    : +959 777 120 131 , +959 777 120 141

Email     : info@passiondesignandmedia.com


Copyright © 2023 Passion Design and Media